မိုင်းရှူးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centreခန်းမ၌ ယနေ့ နံနက်၁၀နာရီအချိန်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။