သာစည် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ရသလမ်းဆုံ စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရသလမ်းဆုံ စာဖတ်ဝိုင်းတွင် စာရေးဆရာဆူးဖြူ၊ စာရေးဆရာအလင်းချို (သာစည်)နှင့် စာရေးဆရာခန့်စစ်အောင်တို့က မိမိတို့ရေးသာထားသော ဆောင်ပါးများနှင့် ကဗျာများကိုရွတ်ဖတ်ဆွေးနွေးကြပြီး တက်ရောက်လာသူ စာပေဝါသနာရှင်များကို သုတရသစာပေများကို မပြတ်လေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ၊ စဉ်းစားတွေးခေါ်မှုများ တိုးတက်လာကာ စာဖတ်ရုံသာမက စာပေကိုရေးသားလာနိုင်မည်ဖြစ်သည့်အတွက် စာပေဖတ်ရှုကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် စာရေးဆရာဆူးဖြူက တက်ရောက်လာသောစာပေ ဝါသနာရှင်များကို မဲနှိုက်စေပြီးအတွေးအမြင် စာအုပ်တစ်အုပ်လက်ဆောင်ပေးခဲ့ကြောင်း သိရ သည်။
အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်သင်းသင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မှစာရေးဆရာများနှင့် စာပေဝါသနာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)