ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မျိုးစေ့ချကိရိယာ(DRUM SEEDER)ဖြင့် မိုးစပါး စိုက်ပျိုးသရုပ်ပြမှုအား ကြည့်ရှုအားပေး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ သာယာဝတီခရိုင် ဇီးကုန်းမြိုနယ်၊ ကန္တလီကျေးရွာအုပ်စုတွင် လယ်ထွန်စက်ဖြင့် လယ်ယာမြေပြုပြင်နေမှုနှင့်( Drum Seeder)ဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ယမန်နေ့နေ့လည် ၃ နာရီခွဲက ကြည့်ရှုအားပေးခဲ့သည်။