ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မက်မန်းခရိုင်ရုံး (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊မက်မန်းမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်က စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ) ရေးသားသည့် “ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း” စာအုပ်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလိုအပ်နေသည့် ကျေးရွာများသို့ သောက်သုံးရေ လှူဒါန်းခဲ့ရာ ရေဂါလံနှစ်သိန်းငါးသောင်းရှစ်ထောင် လှူဒါန်းခဲ့ပြီဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော နတ်ပလင်ကျေးရွာနှင့် ကံကျဲကျေးရွာသို့ ယနေ့နံနက် ၉ နာရီ အချိန်က သောက်သုံရေဂါလန် (၃၂၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းအကျိုးတော်ဆောင် များထံက သိရသည်။

မိုးညိုမြို့နယ် စိမ်းလန်းစိုပြေသာယာလှပရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မြို့အဝင် မိုးညို-မင်းလှသွား ကားလမ်းဘေးရှိ မြို့နယ်သစ်တောဦးစီးဌာန ရုံးဝန်းအတွင်း၌ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ မြို့စိမ်းလန်းစိုပြေသာယာရေးအတွက် မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် ၈ နာရီကပြုလုပ်ခဲ့သည်။

ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင်ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်အကြောင်း အသိပညာပေး(Talk Show) ဆွေးနွေးပွဲကျင်းပ

 ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ်အကြောင်းသိကောင်းစရာအသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀ နာရီက မြို့ပြန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ကျင်းပခဲ့သည်။

ပန်းတနော်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြ

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မြေမြှပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲအချိန်က ဘဝိုင်းကျေးရွာ တောင်သူဦးမြင့်ဦး၏ ကွင်းအမှတ် ၄၆၃ (ခ)/ ဦးပိုင် ၂၅ ရှိ လယ်ယာမြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်းဆင်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံအဆင့် (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံး ခန်းမတွင် ကျင်းပခဲ့သည်။

ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ဆင်စာဘူဖေးကျွေးမှု (၄၃၅)ကြိမ်ရှိလာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ရှိသူ များထံကသိရသည်။

ရွှေတောင်မြို့နယ်တွင် မိုးစပါး (Drum Seeder) စိုက်ပျိုးခြင်းကွင်းဆင်းသရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ဒေါင်းဇွန်းကျေးရွာကွင်းအမှတ်(၄၂၁)မင်းရွာကွင်းရှိ တောင်သူဦးပါကြီးအပါအဝင် တောင်သူ(၂)ဦး၏လယ်မြေ(၅)ဧကတွင်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့နယ် ခရိုင်အဆင့် တိုးမြှင့်ရန် ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့နယ် ခရိုင်အဆင့်တိုးမြှင့်ရန် ဆောင်ရွက်ထားရှိမှုနှင့် မိုးစပါးစုပေါင်းထွန်ယက်စိုက်ပျိုးပွဲအား ယမန်နေ့ညနေ ၃နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to