ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင်  လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် (၁၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့၌ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်Campaignပြုလုပ်၍ သုံးစွဲမှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ်သတ်မှတ်ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် နာရီအချိန်တွင် ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ၊ မြတ်သီရိ ကိုယ်ထူကိုယ်ထပျံကျစျေးသို့ ဟိုင်းကြီးကျွန်းမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး ပလပ်စတစ်အိတ်များ ဆက်လက်သုံးစွဲနေမှုရှိ/မရှိကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

တမူးမြို့၌ မဲဆန္ဒရှင်အမည်စာရင်း မြေပြင်အမှန် ပြည့်စုံမှန်ကန်‌စေ‌ရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူ

‎‎စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့နယ်အတွင်း ၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပရာတွင် အဓိကကျသည့်မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း (Door to Door)စနစ်ဖြင့် ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂နာရီက ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့တွင် မဲစာရင်းများမှန်ကန်စေရေး တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်းကောက်ယူမှုအား လိုက်လံစစ်ဆေး

ဟုမ္မလင်းမြို့၌ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းမှန်ကန်ရေး မြေမြင်တစ်အိမ်တက်ဆင်း Door to Door ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ (၃၀) ရက်နေ့၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဟုမ္မလင်းရပ်ကွက်၊ နောင်ပကျစ်ရပ်ကွက်၊ ခိုပဲဝရပ်ကွက်တို့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မကွေးမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား မကွေးမြို့တွင် တက္ကသိုလ်၊ ကောလိပ်များ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိသည်။

ပင်လုံမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီအချိန်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှု (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

သရက်မြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန် သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁)အခြေပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မဲဆန္ဒရှင် ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး မဲစာရင်းကွင်းဆင်းစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မကျန် ရှိစေရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ကမမောင်းမြို့၌ ဒီဇင်ဘာ ၁ ရက်နံနက် (၈)နာရီမှစ၍ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to