အင်းစိန်မြို့နယ်၌ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Pfizer ထိုးနှံ‌ပေး

ရန်ကုန် ဒီဇင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးများကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်ထားသည့် နေရာအသီးသီးတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးဌာနမှူး ဒေါက်တာနွေးအိလှိုင်နှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)