ပူတာအိုခရိုင်၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ပူတာအို ဒီဇင်ဘာ ၁၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို နားလည်သိရှိ၍ ထိရောက်မှန်ကန်မြန်ဆန်စွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဉီးစီးမှူး ဒေါ်တင်တင်ချိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ အဆိုပါသင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချို၊ ဦးစီးအရာရှိ ဉီးစိုးမိုးနိုင်နှင့် မချမ်းဘောမြို့နယ်ဦးစီးမှူး ဒေါ်နီနီလွင်တို့က ရုံးလုပ်ငန်းသဘောတရားနှင့် ရုံးစာရေးသားနည်း(၉)မျိုးတို့ကို ပူတာအိုခရိုင်အတွင်းရှိ ပူတာအို၊ မချမ်းဘော၊ ပန်နန်းဒင်မြို့နယ်များမှ ဝန်ထမ်းသင်တန်းသား၊ သင်တန်းသူ(၁၀)ဦးတို့အား ဒီဇင်ဘာ(၁၇)ရက်မှ (၁၉)ရက်နေ့အထိ သင်တန်းကာလသုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုန်းလက်ရာသစ်(ပြန်/ဆက်)