ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ အသုတ်မြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ရေကြည်မြို့နယ်၊ အသုတ်မြို့ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များဆွေးနွေးခဲ့ပြီး တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)၊ ဓာတ်မြေဩဇာ၊ နေကြာမျိုးစေ့၊ ပဲပုပ်မျိုးစေ့၊ မြေပဲမျိုးစေ့များပေးအပ်ခဲ့သည်။