ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲဆန္ဒရှင်များ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်း ရပ်ကွက်များရှိ မဲဆန္ဒရှင်များ မဲစာရင်းမကျန်ရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းက မြို့သစ် (၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများ မဲစာရင်းတွင်ပါဝင်နိုင်ရေး မြေပြင်ကွင်းဆင်စစ်ဆေး

‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေးအတွက် မြေပြင်တစ်အိမ်တက်/ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးအစီအစဉ်များ စတင်ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှုအစီအစဉ်များကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုပုံး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီးတွင် ဆောင်ရွက်ခဲ့ကြသည်။

မိတ္ထီလာမြို့၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ Installation လုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

မိတ္ထီလာမြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲပေးစက်များအား Installation လုပ်ငန်းကို အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင်များမီးဘေးအန္တရာယ် ကင်းစေရေးတာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးအောင် မြတ်တိုးတို့ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၉ နာရီ အချိန်က ရွှေဘိုမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀) ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးမြို့နယ်၌ မဲစာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူတိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်ရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ သံချည်သံကွေးအဆင့် (၁) နှင့် ကျောက်ပုံးရိုက်အဆင့် (၁) သင်တန်း ဖွင့်လှစ်ပေး

ပဲခူးမြို့၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သံချည်သံကွေးအဆင့် (၁) နှင့် ကျောက်ပုံးရိုက်အဆင့် (၁) သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ကျွန်းစုမြို့နယ်၌ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို  နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျွန်းစုမြို့၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ အ‌ခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားဖွံ့ဖြိုးတိုးတက်‌ရေး အစီအစဉ်အရ ကျင်းပပြုလုပ်‌သော အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေး မဲစာရင်းကွင်းဆင်းစစ်ဆေး

ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်စေရေးနှင့် မကျန်ရှိစေရေး အမရပူရမြို့နယ်၌ မြေပြင်ကွင်းဆင်း မဲစာရင်းလိုက်လံစစ်ဆေးခြင်းလုပ်ငန်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဒေါင်းရွေးကျေးရွာအုပ်စုနှင့် ဆင်ဘိုးကျေးရွာအုပ်စုတို့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးသည်။
Subscribe to