သာစည်မြို့နယ်၌ မဲစာရင်းများမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ မဲပေးခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရန်နှင့်ပြည့်စုံမှန်ကန်သည့် မဲစာရင်းများရရှိစေရန် (door to door) မြေပြင်ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို အဖွဲ့များဖွဲ့၍ ရပ်ကွက်/ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁ ရက် နေ့နံနက်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ကပ်ကျေးအင်းကျေးရွာ မြေပြင်ကွင်းဆင်းအဖွဲ့များထံ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်မြေသာစံမြို့နယ်တွင် National ICT Awards-2025(Education Project Skill Competition) ပြိုင်ပွဲများ ကျင်းပ

ပညာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းပညာရေးမှူးရုံးက ကြီးမှူးကျင်းပသော National ICT Awards-2024 (Education Project Skill Competition) (တိုင်းအဆင့်) ပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ် (၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားအကျဉ်းထောင်၌ ကျင်းပပြုလုပ်သော ကောက်သစ်စားကျေးဇူးတော်ချီးမွမ်းပွဲသို့တက်ရောက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်၌ YCC အကျဉ်းထောင်သာသနာက ဦးစီးကျင်းပသော ထောင်တွင်းကောက်သစ်စား ကျေးဇူးတော်ချီးမွှမ်းပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါအကျဉ်းထောင်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်‌မြေသာစံမြို့နယ်တွင် မဲစာရင်းများမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းမှုအား လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးနှင့်တိုင်းဥပ‌ဒေချုပ်တို့ လိုက်လံကြည့်ရှုစစ်ဆေး

မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးမှူး ဦးသိန်းလွင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၃၀ ရက်နေ့က မန္တလေး၊‌ အောင်‌မြေသာစံမြို့နယ်၊ မဟာ‌ဇေယျာဘုံရပ်ကွက်နှင့် အနှိပ်‌တော်ရပ်ကွက်တို့တွင် ရွေးကောက်ပွဲဆိုင်ရာမဲစာရင်များမှန်ကန်စေရေးအတွက် Door to Door မြေပြင်ကွင်းဆင်းဆောင်ရွက်နေမှုများ မဲစာရင်းကပ်ထားကြေငြာထားရှိမှုများ၊ ပန်းခင်းစီမံချက် (၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိသည်။

ရွေးကောက်ပွဲအောင်မြင်စွ ကျင်းပနိုင်စေရေးနှင့် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေး Door to Door ဆောင်ရွက်နေမှုများအား မန္တလေးတိုင်းလူမှုရေးရာဝန်ကြီး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးသည် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် ဒီဇင်ဘာ ၁ ရက်နေ့နံနက် (၉)နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ စကားဝါမြေခန်းမတွင် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများအား တွေ့ဆုံပြီး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးနှင့် ပြည်သူများ စိတ်ပါဝင်စားစွာ မဲစာရင်းလာရောက်ကြည့်ရှုရေး အစရှိသည်တို့ကို ဆွေးနွေးမှာကြားပြီး၊ ခရိုင်နှင့်မြို့နယ် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အသိပညာပေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မီးလန့်မှု မီးလောင်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအနေဖြင့် တစ်အိမ်တက်ဆင်း အသိပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက အရှေ့ပိုင်းရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း လှည့်လည်ဆောင်ရွက်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက door to door စနစ်ဖြင့် မြေပြင်ကွင်းဆင်း

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ ရဲဘော်စိုက်ကွင်းအနောက်ရပ် ၁၁၅ လမ်း× တာဝတိံသာလမ်းကြားရှိ လူမူကူညီရေးအသင်းရုံးသို့ ယနေ့နံနက် ၁၀ နာရီခွဲက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တာဝန်ရှိသူများက door to doorစနစ်ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ကော့သောင်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် Door to Door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရာ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အသက် (၁၈) နှစ် ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါဝင်မှုရှိ/မရှိကို တာဝန်ရှိသူများက Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စိစစ်ဆောင်ရွက်လျက်ရှိသည်။

လသာမြို့နယ်တွင် ပြည်သူများ မဲစာရင်းမကျန်ရှိစေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးတို့အတွက် နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း ဆက်လက်လိုက်လံကွင်းဆင်း  ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Subscribe to