ရေတာရှည်မြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ယနေ့နံနက်(၉)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ မွမ်းမံသင်တန်းဖွင့်လှစ်ခဲ့သည်။

မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်း ကတ္တရာလမ်းဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းက စကု​မြို့ အမှတ် (၁) ရပ်ကွက်ရှိ အဆိုပါလမ်းမပေါ်၌ ကျင်းပပြုလုပ်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး စီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

၂ဝ၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ အစည်းအဝေးသို့ ၂ဝ၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဆပ်ကော်မတီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ တက်ရောက်သည်။

သံတောင်ကြီးမြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင်  ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီက သံတောင်ကြီးမြို့ အမှတ်(၂)ရပ်ကွက်ရှိ  အားကစားကွင်း၌  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ပဒါန်းတပ်နယ်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့ပူးပေါင်းစီစဉ်ကျင်းပသော တပ်နယ်မှူးဖလား ရပ်ကွက်/ကျေးရွာ ပေါင်းစုံချစ်ကြည်ရေးဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပဒါန်းကျေးရွာ အားကစားကွင်း၌ ကျင်းပခဲ့သည်။

မြဝတီမြို့ ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် အလှူတော်မင်္ဂလာ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်းရှိ အောင်မြေစေတီတော် ပြန်လည်ပြုပြင်မွမ်းမံ ရွှေထီးတော်တင် မင်္ဂလာအခမ်း အနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်(တောင်ကြီး)၏ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို တောင်ကြီးမြို့၊ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့များအား မဲ‌ပေးစက်များ Installation ပြုလုပ်ခြင်းဆိုင်ရာသင်တန်း ဖွင့်လှစ်

စေတုတ္တရာမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၂၈)ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များအသုံးပြု၍ ကျင်းပပြုလုပ်မည်ဖြစ်ရာ မြို့နယ်အဆင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာနည်းပညာအထောက်အကူပြုအဖွဲ့များအား မဲပေးစက်များ Installation ပြုလုပ်ခြင်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကော့ကရိတ်မြို့တွင် သံဃာတော်များအား ဆန်နှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်

ကရင်ပြည်နယ်သာသနာ့နုဂ္ဂဟအသင်းဥက္ကဋ္ဌ ဘာသာပေါင်းစုံချစ်ကြည်ရေးနာယက ဦးစောမုတ်သုန်နှင့် ၇ ရက်သားသမီးများစုပေါင်း၍ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာ မိသားစုများအား ဆန်နှင့်အမယ်စုံပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်နေ့မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ အားက စားခန်းမ၌ ပြုလုပ်ကျင်းပရာ ဘုန်းတော်ကြီးကျောင်း ၂၁ ကျောင်းမှ သံဃာတော်/သီလရှင်များ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၃၀၀)ဦးတက်ရောက်ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to