ချမ်းမြသာစည်မြို့နယ်တွင် မဲစာရင်းကျန်ရှိမှု မရှိစေရေး (Door to Door) မြေပြင်ကွင်းဆင်း ကောက်ယူ

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ်မဲစာရင်း ကြေညာပြီး မဲစာရင်းတွင် ပါဝင်ခြင်းမရှိသေးသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိက ဝိနည်းအာဂုံစာအောင်ဆုပေးပွဲနှင့် (၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာအောင်ဆုပေးပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်လုံးဆိုင်ရာ (၁၈) ကြိမ်မြောက် မဟာစည်ဝိနယာဓိကဝိနည်းအာဂုံ စာအောင်ဆုပေးပွဲနှင့် (၁၄) ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာအောင်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြစည်မဟာစည်သာသနာ့ ရိပ်သာကျောင်းတိုက်၊ သီရိဇေယျာဗိမာန်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ စာအောင်ဆုများဆက်ကပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၌ မဲရုံမှူး ၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၌ မဲရုံမှူး ၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ပညာပေးသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအား ပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ဖွင့်လှစ်သည်။

ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များ၌ မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေး၊ မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေးနှင့်စာရင်းအချက်အလက်များ မှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်လေးရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် ကွင်းဆင်းစိစစ်ခြင်းကို နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်္ဂပူမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ကြေညာ

ဧရာဝတီတိုင်း​ဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ ဈေးများ၊ လူနေအိမ်းများတွင် မီးဘေးအန္တရာယ်မကျရောက်စေရန် အသိပေးကြေညာခြင်းကို နိုဝင်ဘာ ၂၉ ရက်နေ့ညပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများက ရပ်ကွက်များအတွင်းသို့ လှည့်လည်‌ကြေညာခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကျောက်ချောလမ်းမှ ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် တန်ဖိုးသင့်အိမ်ရာများ ဆောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဘုတ်ပြင်းမြို့နယ်၌ ပြည်သူများမဲစာရင်းမကျန်ရှိ‌စေရေး တာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ်ကပ်ထားကြေညာပေးလျက်ရှိရာ မိမိအမည်မဲစာရင်းတွင် ပါ၊ မပါအားသိရှိနိုင်ရန်အတွက် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းကမြို့ ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းလိုက်လံ ကောက်ယူ ဆောင်ရွက်ကြသည်။

အမရပူရမြို့နယ်အတွင်း (Door to Door) မြေပြင်စာရင်းတိုက်ဆိုင်ကွင်းစစ်‌ဆေးမှုများအား တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်းရှိ မှန်တန်း၊ ဈေးချို၊ လေးစု၊ အိုးတော်၊ တောင်ကြီး၊ ဟင်္သါ၊ ဆင်စွယ်ပွတ်၊ ရွှေဂွမ်းထုပ်ရပ်ကွက်နှင့် ဘုံးအိုးကျေးရွာ၊ ရှမ်းကလေးကျွန်းကျေးရွာ စသည့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးနေမှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။

ဒေးဒရဲမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Subscribe to