ပြည်ကြီးတံခွန်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ကွင်းအမှတ်(၅၆၈) မယ်တော်စုကွင်း၊ ဦးပိုင်အမှတ်(၆၈/၁)၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသူရထွန်းထွန်းနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်ဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးကျော်နှင့် တောင်သူဦးတင်မျိုးဝင်းတို့က စံပြရိတ်သိမ်းသည့်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မိုးစပါးမျိုးအမည် ဧရာမင်း၊ စိုက်ဧက (၃.၄၈)ဧကအတွင်း (၀.၁၀) ဧက၊ စံကွက်ရိတ်သိမ်း၍ အစိုအထွက်တင်း တစ်ဧက အထွက်နှုန်း(၁၀၁.၁၂၅)တင်း ထွက်ရှိခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အောင်က တောင်သူများအား နည်းပညာပေး ဆွေးနွေးရာ တောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းခဲ့ပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခင်စောလွင်