ဓနုဖြူမြို့နယ်၌ ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ နိုဝင်ဘာလအတွင်း ပန်းခင်း (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သော ဥပဒေအရ နိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၉) ရပ်ကွက်ရှိ ဘန်ဂါလီစွန်နီဂျာဗလီခန်းမ၌ ကျင်းပသည်။