လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ကျင်းပခဲ့သည်။

ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်) ယုဇန ခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အဝေရာမီးပုံးပျံကွင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် ယနေ့ နံနက် ၇ နာရီက  ဖြန့်ဝေပေးခဲ့သည်။

မင်းဘူးမြို့တွင် ကြက်သွန်နီဈေး မြင့်တက်လာသော်လည်း လှိုင်လှိုင်ရောင်းချနေရ

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်လာသော်လည်း လှိုင်လှိုင်ရောင်းချနေရကြောင်း မင်းဘူးမြို့ ကြက်သွန်နီပွဲစားများထံမှ သိရသည်။

ဒဂုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အကြိုအထိမ်းအမှတ် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ​ဆောင်ရွက်

ဇွန်လ ၂၆ ရက် နေ့တွင် ကျ​ရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ကို ယ​မန်နေ့ နံနက် ၁၀ နာရီကဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်​ခဲ့သည်။

သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း လက်ပံတန်းမြို့နယ် စိန်တုံးပန်းတာ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်ခရိုင်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တော်ဝင်ရွှေစွမ်းအား ကုမ္ပဏီမှတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နေ့လယ်ပိုင်းက လက်ပံတန်း မြို့နယ် စိန်တုံးကျေးရွာအုပ်စု စိန်တုံးပန်းတာတည်ဆောက်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

သဲကုန်းမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် ( နေဗီယာမြက်) သရုပ်ပြစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သဲကုန်းမြို့နယ် နွယ်ကောက်ကျေးရွာအုပ်စု ကွေ့တက်ကျေးရွာ တောင်သူဦးလှထူး ပိုင်ယာမြေတစ်ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ပြုလုပ်သည်။

မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို

မင်္ဂလာဒုံမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စိုက်ပျိုးရေးအသိပညာပေးခြင်း အခမ်းအနားဆောင်ရွက်

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် (မွန်ဘားဆားမြက်) စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အား ယမန်နေ့မွန်းလွဲ (၂)နာရီခန့်က နွယ်ခွေကျေးရွာအုပ်စု၊ နွယ်ခွေရွာသစ်ကျေးရွာရှိ မြေနေရာတွင်စိုက်ပျိုးအသိပညာပေးခြင်းအား အခမ်းအနားဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

တမူးမြို့၊ အမှတ်(၄) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍သန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေးနှင့် မိုးရာသီကာလ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၄) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to