တမူး ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေးနှင့် မိုးရာသီကာလ အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က အမှတ် (၄) အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်အံ့မောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်ကြည်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ အင်အား (၁၇၀) ဦးတို့စုပေါင်း၍ ကျောင်းဝန်းအတွင်းရှိ အမှိုက်များ ရှင်းလင်းခြင်း၊ သစ်ကိုင်းများ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန် စေရေးတို့အတွက် ရေမြောင်းများရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ အမှိုက်သိမ်းယာဉ်များဖြင့် တင်ဆောင်ကာ စနစ်တကျစွန့်ပစ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အလားတူ မေလ (၂၄) ရက်နေ့က အမှတ်(၁) အခြေခံပညာအထက်ကျောင်းတွင် လည်းကောင်း၊ မေလ(၂၈) ရက်နေ့က အမှတ်(၂) အခြခံပညာအထက်တန်းကျောင်း နှင့်ဇွန်လ(၁၁)ရက်နေ့က အ.ထ.က(ခွဲ) ကျောင်းတို့တွင်လည်းကောင်း၊ ဇွန်လ(၁၈)ရက်နေ့က မြို့မဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် လည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဆရာ/ ဆရာမများ ကျောင်းသား/သူများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြပြီး အပတ်စဉ်စနေနေ့တိုင်း အခြေခံပညာကျောင်း များတွင် အလှည့်ကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ