နောင်ချိုမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် (မွန်ဘားဆား) ​မြက်စိုက်ပျိုးခြင်း သရုပ်ပြ ဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကံကြီးကျေးရွာအုပ်စု၊ ရှောက်ချုံ ကျေးရွာတောင်သူ ဦးမောင်မောင်ကြီးယာမြေ၌ မိုးရာသီတိရစ္ဆာန်အစာပင် (မွန်ဘားဆား) မြက် စိုက်ပျိုးသရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘားအံမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ရပ်ကွက်/ ကျေးရွားပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲကျင်းပ

၂၀၂၂ ခုနှစ် ဘားအံမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဖလား ရပ်ကွက်/ကျေးရွာ အသက်(၂၁) နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့် ဓာတ်ပုံပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ကျင်းပခဲ့သည်။

ဆီဆိုင်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်) ယုဇန ခန်းမ၌ ကျင်းပပြုလုပ်သည်။

တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အဝေရာမီးပုံးပျံကွင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် ယနေ့ နံနက် ၇ နာရီက  ဖြန့်ဝေပေးခဲ့သည်။

မင်းဘူးမြို့တွင် ကြက်သွန်နီဈေး မြင့်တက်လာသော်လည်း လှိုင်လှိုင်ရောင်းချနေရ

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်လာသော်လည်း လှိုင်လှိုင်ရောင်းချနေရကြောင်း မင်းဘူးမြို့ ကြက်သွန်နီပွဲစားများထံမှ သိရသည်။

ဒဂုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အကြိုအထိမ်းအမှတ် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ​ဆောင်ရွက်

ဇွန်လ ၂၆ ရက် နေ့တွင် ကျ​ရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ကို ယ​မန်နေ့ နံနက် ၁၀ နာရီကဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်​ခဲ့သည်။

သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း လက်ပံတန်းမြို့နယ် စိန်တုံးပန်းတာ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်ခရိုင်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တော်ဝင်ရွှေစွမ်းအား ကုမ္ပဏီမှတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နေ့လယ်ပိုင်းက လက်ပံတန်း မြို့နယ် စိန်တုံးကျေးရွာအုပ်စု စိန်တုံးပန်းတာတည်ဆောက်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
Subscribe to