ကျောက်ဆည်မြို့နယ် လက်ပန်ပင်ကျေးရွာတွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အိုမိခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါ ပိုးကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက လက်ပန်ပင်ကျေးရွာသို့ကွင်းဆင်းပြီး အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းများ နှိုးဆော်ခဲ့ ကြောင်း သိရသည်။