သဲကုန်းမြို့နယ်၌ မိုးရာသီတိရစ္ဆာန်အစာပင် ( နေဗီယာမြက်) သရုပ်ပြစိုက်ပျိုး

သဲကုန်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးရာသီတိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သဲကုန်းမြို့နယ် နွယ်ကောက်ကျေးရွာအုပ်စု ကွေ့တက်ကျေးရွာ တောင်သူဦးလှထူး ပိုင်ယာမြေတစ်ဧကတွင် မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက်သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်နေ့က ပြုလုပ်သည်။

မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်ဌာနဆိုင်ရာများ၊ ပြည်ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်း၊ သဲကုန်းမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းချိုနှင့်ဝန်ထမ်းများ၊‌ ချောလုပ်သားများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများက မိုးရာသီတိရစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ပျိုးခဲ့ကြသည်။

အဆိုပါတိရစ္ဆာန်အစာပင် နေဗီယာမြက်သည်  ကျွဲ/နွားများ သိုး၊ ဆိတ်နှင့် ကြက်၊ ဘဲ၊ ဝက်တို့ကို ကျွေးနိုင်သောမြက်အမျိုးအစားဖြစ်ပြီး အာဟာရတန်ဖိုးမြင့်မားပြီး၊ ကြီးထွားနှုန်းကောင်းမွန်စေရန်နှင့် တောင်သူများ စိတ်ပါဝင်စားစွာ လိုက်ပါစိုက်ပျိုးနိုင်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်းနှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက နေဗီယာမြက်မျိုးများအား အခမဲ့ဖြန့်ဝေပေးခြင်းနှင့် စိုက်ပျိုးနည်းစနစ်များကို ပြသဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)