ရန်ကုန် ဇွန် ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ကျင်းပခဲ့သည်။
ကျင်းပရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တ ရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ထံမှပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရဲမှူးချုပ် မျိုးမင်းထိုက်က ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ဧည့်သည်တော်များမှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား ကြည့်ရှုစစ်ဆေးပြီး မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများအား တာဝန်ရှိသူများက စက်ခ လုတ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ကြသည်။
၂၀၂၂ခုနှစ်၊ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်သည့် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ဖျက်ဆီးသည့် မူးယစ် ဆေးဝါးနှင့် ဓာတုပစ္စည်းများဖြစ်သော အမျိုးအစား(၃၃)ဖြစ်သည့် ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရှုးသွပ်ဆေး ပြား၊စိတ်ကြွအကြေမှုန့်၊ အိုက်စ်၊ ဆေးခြောက်၊ ဘိန်းဆီခဲ၊ ဘိန်းစာရွက်၊ ဘိန်းစာမှုန့်၊ဘိန်းစာပင်၊ဘိန်းစာ ရည်၊ သက်တက်စီဆေးပြား၊ သက်တက်စီအကြေ၊ ဒိုင်ယာစီပမ်ဆေးပြား၊ ဒိုင်ယာစီပမ်ဆိုးဆေး၊ ဒိုင်ယာစီပမ်ဆေးမှုန့်၊ အယ်ပရာစိုလမ်းဆေးပြား၊ ထရာမဒေါလ်ဆေးပြား၊ ထရာမဒေါလ်ဆေးတောင့်၊ ထရာမဒေါလ်ထိုးဆေး၊ မော်ဖင်းထိုးဆေး၊ Fentanyl ထိုးဆေး၊ ကက်တမင်း၊ Sedil ဆေးပြား၊ ကတ်သီနုန်း (အရွက် ခြောက်၊ ချောင်းဆိုးပျောက်ဆေးရည်၊ ဆူဒိုအက်ဖီဒရင်း၊ Methylamine Hydrachlaride၊ အမိုနီယမ်နိုက် ထရိတ်၊ဆိုဒီယမ်ဆိုင်ရာနိုက်၊Mltric Acid၊ဓာတုဆေးရည်၊ဓာတုဆေး(အမှုန့်/အခဲ) စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၃၅၆.၆၈၈၄၃ ဘီလီယံ) တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရုံးမှ ဝန်ထမ်းများက တက်ရောက် လာသူများကို အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)