ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်မှ သီးနှံများ စိုက်ပျိုးရန်အတွက် မိုးရာသီချေးငွေများ ဆက်လက်ထုတ်ပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ကျောက်မဲမြို့နယ်အတွင်းရှိ စပါး၊ ပြောင်းဖူးစိုက်ပျိုးမည့် တောင်သူများအား မိုးရာသီချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ပန်လော့နှင့်ကျွဲကုန်းကျေးရွာအုပ်စုများရှိတောင်သူအား ကျောက်မဲမြို့နယ်၊ သမဝါယမအသင်းစုခန်းမ၌ မိုးရာသီ ချေးငွေများထုတ်ပေးခဲ့ကြောင်း သိရသည်။