ကျွန်းစုမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစား ပြိုင်ပွဲများ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး ဟောပြောပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမတွင် Book   Club နှင့် Youth club အဖွဲ့ဝင်များပူးပေါင်းပြီး စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန  Community Centre ခန်းမတွင် တွင်  Book   Club နှင့် Youth club  အဖွဲ့ဝင်များက ယနေ့နံနက် (၉) နာရီအချိန်တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ “ချစ်လို့ပြောတာမှတ်ပါ” စာအုပ် အားစာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်၊ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင်  စာဖတ်ရှိန်မြှင့် တင်ရေးအတွက်  ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကလေးသူငယ်များ၊ ကျောင်းသူ ကျောင်း သားများအနေဖြင့့််စာကြည်တိုက်နှင့်ရင်းနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အားလပ်ချိန်ကို တန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးမြှင့်မားစေရန်၊ ကိုယ်ပိုင်တီထွင်တတ်သည့် အတွေး အခေါ်များရှိစေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အထများဖြစ်စေရန် နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ ဘိုးလင်းပစ်ပြိုင်ပွဲနှင့်ဘောလုံးပစ်ပြိုင်ပွဲကို ယနေ့နံနက် ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ပြုလုပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မေတ္တာမြို့၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးအသိပညာပေး

ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မေတ္တာမြို့၊ နယ်မြေမီးသတ်စခန်းမှ မေတ္တာမြို့၊ မြို့ပေါ်ရပ် ကွက်များတွင် ယမန်နေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးသုံးစွဲမှု စစ်ဆေးပြီး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး Sinopharm ပထမအကြိမ် ထိုးနှံထားသူ ၉၅၅ ဦး တို့အား ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံထားသူ ၉၅၅ ဦးတို့အား ဒုတိယအကြိမ်အဖြစ် သတ်မှတ်ဆေးထိုးစုရပ်များတွင် ယမန်နေ့က ထိုးနှံပေးကြောင်း သိရသည်။

မြေပုံမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် Online မှတဆင့် ပြည်သူများအား အသိပညာပေး အစီအစဉ်များ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာ ကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူပြည်သူများ စာပေဗ ဟုသုတရရှိလာစေရန် ရည်ရွယ်၍ Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ် ရိုက်ကူးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် “အောက်ချင်းငှက် မောင်နှံ”ခေါင်စဉ်ဖြင့်ရိုက်ကူးဆောင်ရွက်ကြသည်။

ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ အသိပညာပေး နှိုးဆော်ချက်များအား ကျေးရွာအရောက် အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇ ပြောင်းမျိုးကွဲ Omicron (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မဲပရလေးကျေးရွာ အတွင်းရှိ ပြည်သူများ သိရှိလိုက်နာရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းအချိန်က မဲပရလေးကျေးရွာ အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြသည်။

တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီက လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျိုက်မရော၌ အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး အသိပညာပေး(Talk Show)ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မေသရဖူပရဟိတ အသင်းတို့ပူးပေါင်း၍ "အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေး” အသိပညာပေး (Talk Show) ကိုယနေ့နံနက် ၁၁နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ပြုလုပ်သည်။
Subscribe to