ကျောက်ဖြူမြို့နယ်၌  ၂၀၂၂ ခုနှစ်၊ မိုးရာသီ ICM ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်အား ကာကွယ်ထိန်းသိမ်းနိုင်ရန်၊  ဒီရေတောသစ်ပင်များပြုန်းတီးမှုမရှိစေရန်နှင့် ဂေဟစနစ်ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် ၂၀၂၂ ခုနှစ်၊ မိုးရာသီ ICM ဒီရေတောသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်အနီးရှိ ဒီရေတောဧရိယာအတွင်း၌ ကျင်းပပြုလုပ်သည်။

မြိတ်တက္ကသိုလ် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်  

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကလွင်ကျေးရွာရှိ မြိတ်တက္ကသိုလ်တွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအရှေ့နှင့် ပတ်ဝန်းကျင်၊ ပုလဲရာဇာအဆောင်နှင့် ပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

မူဆယ်မြို့တွင်  မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်) လက်တွေ့စိုက်ပျိုးထုတ်လုပ်နည်း သရုပ်ပြပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကပြုလုပ်သည့် မိုးရာသီတိရစ္ဆာန်အစာပင်(နေပီယာမြက်)(၁)ဧကလက်တွေ့စိုက်ပျိုးထုတ်လုပ်နည်းသရုပ်ပြပွဲကို နွားမွေးမြူရေးတောင်သူ ဦးသီလာရမ်း၏ ယာမြေ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

မိုင်းဆတ်မြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ တိရစ္ဆာန်အစာပင် နေပီယာမြက်စိုက်ပျိုးခြင်းကို ယနေ့နံနက် (၈)နာရီခွဲက ဝိန်းဝိုင်ရပ်ကွက်ရှိ တောင်သူဦးဂျော်နီ၏ မြေနေရာတွင် ခရိုင်/မြို့နယ် တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ခရိုင်အားကစားကွင်းတွင် ယမန်နေ့ညနေ(၄)နာရီအချိန်က ပြည်နယ်ဒုတိယ/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာဘောလုံးအသင်းနှင့် မြို့မိမြို့ဖဘောလုံးအသင်း ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

သိန္နီမြို့နယ်တွင် မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် မြို့နယ်မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က မိုင်းအန္တရာယ်ကင်းရှင်းစေရေးအတွက်  အသိပညာပေးဟောပြောပွဲကို သိန္နီမြို့ အခြေခံပညာအထက်တန်း ကျောင်းရွှေစင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးခရိုင် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ခရိုင်တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် နေပီယာမြက် သရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျီကုန်းအုပ်စု၊ ဖောင်ကူးကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီက ဟင်္သာတမြို့၊ မြို့တော်ခန်းမသို့ ရောက်ရှိပြီး ဟင်္သာတမြို့နယ်တွင် (၂၃) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များ စခန်းသွင်းလေ့ကျင့် နေမှုများကို လာရောက်ကြည့်ရူအားပေးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် (၂၅) ကြိမ်မြောက် (ငွေရတု) သက်ကြီးစာ‌ပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ (အကြိုလှုပ်ရှားမှု) ယမင်း (သတ္တဗေဒ) ၏ ဘဝစံချိန်မှတ်သညာ ကဗျာစာလွှာ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့) ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်(၈)နာရီအချိန်က ကြံခင်းမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတို့တွင် ပြည်သူများလက်ဝယ်အရောက်(အခမဲ့)ဖြန့်ဝေပေးခဲ့သည်။
Subscribe to