တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ

တောင်ကြီး  ဇွန်  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အဝေရာမီးပုံးပျံကွင်း၊ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားတွင် ယနေ့ နံနက် ၇ နာရီက  ဖြန့်ဝေပေးခဲ့သည်။

လက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မူးယစ်ဆေးဝါးအန္တရာယ်နှင့်စပ် လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး အဆိုပါလက်ကမ်းစာစောင်တွင် အမျိုးသား မူးယစ်ဆေးထိန်းချုပ်ရေးမူဝါဒများ၊ မဟာဗျူဟာ ၂ ရပ်၊ နည်းဗျူဟာ ၃ ရပ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးအမှတ်စဉ် ၁/၂၀၂၂ တွင် ပြောကြားခဲ့သည့် အမှာစကားကောက်နှုတ်ချက်များ၊ မူးယစ်အသိပညာပေးကဗျာ၊ ဆောင်ပုဒ်၊ ကာတွန်း အကြောင်းအရာများစုံလင်စွာပါရှိသည်။

 အဆိုပါလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေထားခြင်းဖြစ်ပြီး ပြည်သူများအသိပညာဗဟုသုတရရှိရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း