မင်္ဂလာဒုံ ဇွန် ၂၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မိုးရာသီတိရစ္ဆာန်အစာပင် (မွန်ဘားဆားမြက်) စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အား ယမန်နေ့မွန်းလွဲ (၂)နာရီခန့်က နွယ်ခွေကျေးရွာအုပ်စု၊ နွယ်ခွေရွာသစ်ကျေးရွာရှိ မြေနေရာတွင်စိုက်ပျိုးအသိပညာပေးခြင်းအား အခမ်းအနားဖြင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်းအနား တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာနေခြည်နွေးက တိရစ္ဆာန် မွေးမြူသူ တောင်သူများအနေဖြင့် အာဟာရတန်ဖိုးမြင့်မားသောအစာကို ကျွေးမွေးနိုင်ခြင်း ကြောင့် ကြီးထွားနှုန်းမြင့်မားပြီး ထုတ်လုပ်မှုကောင်းစွာရရှိခြင်း၊ အစာကုန်ကျစရိတ်သက်သာ ခြင်း၊ အစာရေစာရှားပါးချိန်တွင် ဖူလုံလောက်ငှမှုရှိခြင်းတို့ကြောင့် မိရိုးဖလာမြက်များ ကျွေးမွေး ခြင်းပုံစံမှသည် အာဟာရတန်ဖိုးမြင့်မားသောအစာကျွေးမွေးနိုင်ကြစေရန်၊ တိရစ္ဆာန်မွေးမြူသူများအနေဖြင့် စိတ်ပါဝင်စားစွာလိုက်ပါစိုက်ပျိုးနိုင်စေရန်နှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
မြတ်မွန်ခင် (မင်္ဂလာဒုံ )