ဒဂုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အကြိုအထိမ်းအမှတ် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ​ဆောင်ရွက်

ဒဂုံ ဇွန် ၂၆

ဇွန်လ ၂၆ ရက် နေ့တွင် ကျ​ရောက်မည့်  အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှု တိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show) ကို ယ​မန်နေ့ နံနက် ၁၀ နာရီကဒဂုံမြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ ပြုလုပ်​ခဲ့သည်။

အဆိုပါ ​ အသိပညာ​ပေး​ဆွေး​နွေးပွဲ (Talk Show)တွင် ဒဂုံမြို့နယ်ဦးစီးအရာရှိ ​ဒေါ်​မေသန္တာနှင့် စာ​ရေးဆရာဦးရန်​ကျော်တို့က အနာဂါတ်၏ မျိုးဆက်သစ်လူငယ်များအ​နေဖြင့် မူးယစ်​ဆေးဝါး၏ သား​ကောင်များမဖြစ်​စေရန် ​ရှောင်ရှားကြရန်၊  မူးယစ်​ဆေးဝါးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင် ရာဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ နိုင်ငံ​​တော်မှဆောင်ရွက်လျက်ရှိသည့် မူးယစ်ပြန် လည်ထူး​ထောင်​ရေး လုပ်ငန်းစဉ်များ​ ဆောင်ရွက်​နေမှုအ​ခြေအ​နေများ၊ မူးယစ်​ဆေးဝါးအန္တရာယ် ကာကွယ်​ရေးသည်လူတိုင်းနှင့် သက်ဆိုင်​ကြောင်း စသည်တို့အား အသိပညာ​ပေး​ဆွေး​နွေး​ပြောကြားခဲ့သည်။

အဆိုပါ Talk Show အား ဒဂုံမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ အသိပညာ​ပေးထုတ်လွှင့်သွားမည်ဖြစ်​ကြောင်း သတင်းရသည်။

​မေသန္တာ