မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၁၆ နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

အထက်မင်းလှ    ဇွန် ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ် အားကစားကွင်း၌ ယမန်နေ့‌ ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်း‌အောင်က တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်းမြင့်မားရေး၊ ထူးချွန်ထက်မြတ်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာစေရန် အားကစားပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ အားကစားသမားများက အားကစားသစ္စာ အဓိဌာန်(၄)ချက်ရွတ်ဆိုပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မှ  ဘောလုံးကန်၍  ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု(၂)ခုခွဲ၍ အသင်း(၇)သင်း ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အုပ်စု(က)တွင် မင်းလှ(က)၊ ပန်းတော်ပြင်၊မလွန်(က)၊ က.ပ.စ(၁၀)နှင့်အုပ်စု(ခ)တွင် မလွန်(ခ)၊ မင်းလှ(ခ)၊ တောင်ဦးအသင်းတို့ဖြစ်ပြီး ဖွင့်ပွဲပထမနေ့ပွဲစဉ်အဖြစ် အုပ်စု(က)မှ မင်းလှ(က)နှင့် က.ပ.စ (၁၀)အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)