ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့် ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်

မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ လထုတ်အတွဲ(၁၈)အမှတ်(၂၁)စာစောင်ပါ စာရေးဆရာမြတ်လေးမြင့် ရေးသားထား သော"ပေါ့ပါး ပျော်ရွှင် စိတ်ကြည်လင်ကျန်းမာရေးကိုမြတ်နိုးကြစို့အစဉ်"ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့၌  ပုံမှန်စည်ကားလှုပ်ရှားသွားလာလျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ နေ့လယ်ပိုင်းအထိ ဈေးများ၊ ဈေးဆိုင်များနှင့် လမ်းများတွင် လူအများပုံမှန်စည်ကား လှုပ်ရှားသွားလာလျက်ရှိကြောင်း သိရသည်။

မောက်မယ်မြို့တွင် ၄၀၀ဗို့ဓါတ်အားကြိုးလိုင်းလဲလှယ်ခြင်း လုပ်ငန်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မောက်မယ်မြို့နယ် ရပ်ကွက်အတွင်း မြို့တွင်း၄၀၀ဗို့ ဓါတ်အားကြိုးလိုင်းများကို ယနေ့နံနက်၈နာရီခွဲကစတင်ပြီး လှဲလှယ်ဆောင်ရွက်ပေးကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်တက္ကသိုလ်၊ ဘာသာရပ် အသီးသီး၌ အသစ်ခန့်အပ်ထားသောနည်းပြ၊ သရုပ်ပြဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း ပြီးမြောက်ခြင်းအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်၌ ဘာသာရပ်အသီးသီးတွင် အသစ် ခန့်အပ်ထားသော နည်းပြ၊ သရုပ်ပြဆရာ/ဆရာမ သစ်လွင်များ မွမ်းမံသင်တန်း ပြီးမြောက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများမှ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပုံပါကျင်မြို့၌ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနှင့်ပြည်သူများ ဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချ တတ်စေရန်၊အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အထများရရှိစေရန် ရည်ရွယ်၍ယနေ့နံနက် ၁၁ နာရီက နယ်လှည့် စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to