သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်း လက်ပံတန်းမြို့နယ် စိန်တုံးပန်းတာ တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

လက်ပံတန်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့် အဖွဲ့ဝင်များသည် လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ် ဆည်မြောင်းဦးစီးဌာန၊ လမ်းဦးစီးဌာန၊ ပြည်ခရိုင်မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် တော်ဝင်ရွှေစွမ်းအား ကုမ္ပဏီမှတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နေ့လယ်ပိုင်းက လက်ပံတန်း မြို့နယ် စိန်တုံးကျေးရွာအုပ်စု စိန်တုံးပန်းတာတည်ဆောက်ရေး လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းက မြစ်ရေတိုက်စားမှုအခြေအနေ၊ ကမ်းပြိုခြင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးပြီး၊ ကုမ္ပဏီမှတာဝန်ရှိသူများကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရေးမှာကြားပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေတားပန်းတာကို လက်ပံတန်းမြို့နယ် စိန်တုံးကျေးရွာအုပ်စု အလယ်စုကျေးရွာအနီးတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့်အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် မိုင်တိုင် ၁၉/၅ မှ ၂၁/၃ အထိ ၁ မိုင်နှင့် ၁ ဖာလုံရှိပြီး၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၉၇) ဖြင့် တင်ဒါအောင်မြင်သည့် တော်ဝင်ရွှေစွမ်းအားကုမ္ပဏီမှ တစ်လအတွင်း ပြီးစီးအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြို့နယ် (ပြန်/ဆက်)