ကျောက်ပန်းတောင်းမြို့နယ် ရိုးခြားကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေစတုတ္ထအကြိမ်ထုတ်ချေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဆုံရွာကျေးရွာအုပ်စု ရိုးခြားကျေးရွာတွင် အရင်းမပျောက် လည်ပတ်ရန်ပုံငွေ စတုတ္ထအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အဆိုပါကျေးရွာရှိ အခြေခံပညာ မူလတန်း ကျောင်းဝန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။