သံတောင်ကြီးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေး တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိရာ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေးအပြည့်အဝရရှိစေရေး၊ မဲပေးခြင်းသည်နိုင်ငံသားတိုင်းမှ အမျိုးသားရေး တာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် သံတောင်ကြီးမြို့ ရပ်ကွက်(၄) ရပ်ကွက်(၅)နှင့် လိပ်သိုမြို့ ရပ်ကွက်(၁)တို့တွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင်လည်း အိမ်တိုင်ရာအရောက် တစ်အိမ်တက်ဆင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတာပေါင်  ပြန်လည်ပြုပြင်ပြီးစီး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးလမ်းတံတားများ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ ၆၈.၈ ကီလိုမီတာနှင့် ၆၉.၂ ကီလိုမီတာကြားလမ်းပိုင်းအား  မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိရေး တာဝန်ရှိသူအဆင့်ဆင့်မှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်

ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေး၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲပေးခွင့်ရှိသူအားလုံးမဲပေးခွင့်မရှုံးဆုံးစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ်အတွင်း မဲရုံများအဖြစ် ဆောင်ရွက်မည့် နေရာများ မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများအဖြစ် ဆောင်ရွက်မည့်နေရာများအား ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီ က စတင်ကာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့် ဦးဆောင်၍ ပေါက်မြိုင်ကျေးရွာ၊ ငွေတောင်ကျေးရွာတို့အား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ကြသည်။

စမ်းချောင်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစိစစ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာန်အောင်မြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မာန်အောင်မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

တွံတေးမြို့နယ်တွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး (Door to Door) အိမ်တိုင်ရာရောက် စစ်ဆေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင်၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် နိုဝင်ဘာလ ၃၀ ရက်နေ့ ၁၀ နာရီတွင် အိုးဘိုအရှေ့ရပ်ကွက်၊ အိုးဘိုအနောက်ရပ်ကွက်နှင့် ရှမ်းစုကျေးရွာတို့တွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး (Door to Door) အိမ်တိုင်ရာရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်၀စွာရရှိနေစေရေး မဲစာရင်းများကို အိမ်တိုင်ရာရောက် (Door to Door) ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်၀စွာ ရရှိစေရေးနှင့် မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာ၀န်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်ကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း (Door to Door) လိုက်လံကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်း

လူ့စွမ်းအားအရင်းအမြစ်၏ အစဦးဆုံးဖြစ်သော မူကြိုအရွယ်ကလေးသူငယ်များကို နည်းစနစ်မှန်မှန်ဖြင့် ပြုစုပျိုးထောင်ပေးနိုင်ရေး ကရင်ပြည်နယ် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းပြည်နယ်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အသက်(၃)နှစ်မှ (၅)နှစ်အရွယ် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ(အခြေခံ)သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၁)မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မဲဆန္ဒရှင်အမည်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ဆန္ဒမဲပေးရန် သတ်မှတ်ချက်နှင့် ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်စေရေး၊ အချက်အလက်များ ပြည်စုံမှန်ကန်စေရေးအတွက် နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ သက်ဆိုင်ရာတာဝန်ရှိသူများက အဖွဲ့များခွဲ၍ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူလျက်ရှိသည်။
Subscribe to