ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ စောရန်ပိုင်အရှေ့ရပ်ကွက်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ သစ်တောရပ်ကွက်နှင့် ဧရာဝတီရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည်။