တပ်ကုန်းမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအတွက် နိုင်ငံတော်မှ ဒေသနွားများ အစားထိုး ပေးအပ်

တပ်ကုန်း ဒီဇင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအတွက် နိုင်ငံတော်မှ ဒေသနွားများအစားထိုးပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ကျင်းပရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဌေးထိုက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မြင့်မိုး၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၊ ကြို့ကုန်းကျေးရွာ ရာအိမ်မှူးနှင့် တာဝန်ရှိသူများက တောင်သူများလက်ဝယ် ပေးအပ်ခဲ့သည်။

နိုင်ငံတော်မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော နွားများအစား ဒေသနွား အထီး၊ အမ စုစုပေါင်း ၁၀၈ ကောင်အား ကြို့ကုန်းကျေးရွာတွင် တောင်သူ ၁၇ ဦးအတွက် ဒေသနွား ၁၀၄ ကောင်၊ ကင်းသာကျေးရွာတွင် ​တောင်သူတစ်ဦးအတွက် ဒေသနွား ၄ ကောင်၊ စုစုပေါင်း ဒေသနွား ၁၀၈ ကောင်အား နွားပိုင်ရှင် ၁၈ ဦးလက်ဝယ်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်