ပေါင်းတည် ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးကြီးနှင့် ရွှေတည်စျေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသကာဇာတ်တိုက် လေ့ကျင့်ကြသည်။
ထိုမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြသလေ့ကျင့်နေမှုများကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးကျော်မိုးလွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ဦးဝင်းမြင့်နှင့် ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ စျေးသူ စျေးသားများ တက်ရောက်ကြည့်ရှုကြပြီး မြို့မမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မင်ထွေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်မီးငြိမ်းသတ်နိုင်သည့် နည်းလမ်းများကို ရှင်းလင်းပြောကြားကာ လက်တွေ့သရုပ်ပြသပေးကြသည်။
ယင်းနောက် မြို့မမီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်များဖြင့် မီးငြှိမ်းသတ်မှုကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ စျေးသား စျေးသူများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပူးပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)