သာကေတ ဒီဇင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးစည်းဝေးခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များမှ မြိုနယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းစည်းဝေးကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက လမ်းမကြီးများ၏ ဘေးဝဲ/ယာ သန့်ရှင်းသာယာရေးလှပရေးဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဘေးတွဲဆိုင်ကယ်များ စနစ်တကျရှိစေရေးနှင့် ယာဥ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အချက်များ၊ ပြည်သူ့စစ်မှုထမ်းသတ်မှတ်အင်အားအတိုင်းပြည့်မီအောင် ဆောင်ရွက်ပေးရန်နှင့် လုံခြုံရေးလျော့နည်းဖြစ်စဥ်များ မဖြစ်ပေါ်စေရေး အထူးအလေးထားဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးညှိနှိုင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးတက်ရောက်ကြသည့် တာဝန်ရှိသူများမှ ကဏ္ဍအလိုက်ဆွေးနွေးကြပြီး စည်းဝေးအားရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)