ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

ပွင့်ဖြူ ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေဿကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာ၌ စတုတ္ထအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေဿဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်နှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ လှည်းကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွစီမံကိန်းလုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရန်ပုံငွေများ တိုးပွားရေးအတွက် စနစ်တကျ လုပ်ကိုင်ကြရန်၊ ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက စနစ်တကျ ထိန်းသိမ်းကြရန်နှင့် ငွေစာရင်းဇယားများ တိကျမှန်ကန်စေရေး အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံများက ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ လှည်းကြီးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၄၀ ဦးကို ငွေကျပ် ၁၃ ဒဿမ ၈ သန်း၊  မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦးကို ငွေကျပ် ၈ ဒဿမ ၉ သန်း၊  အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးကို ငွေကျပ် ၇ ဒဿမ ၃ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၁၄ ဦးကို ငွေကျပ် ၃ ဒဿမ ၉ သန်း၊  စုစုပေါင်း စီမံကိန်းအသင်းသား၊ အသင်းသူ ၁၃၀ ဦးကို ရန်ပုံငွေကျပ် ၃၃ ဒဿမ ၉ ဿန်း ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)