တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့် (Youth Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာမြင်းခြံကျော်အောင်ရေးသားသည့် “ကျန်းမာချမ်းသာ အောင်ဘယ်လိုလုပ်မလဲ” စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။