မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်
ကျန်းမာရေးဝန်ကြီးဌာန၏ ကျေးလက်ဒေသအောက်ခြေထိ ကျန်းမာရေးအသိပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွားလျှင် ထိရောက်စွာကုသမှုပေးခြင်း စသည့်ရည်မှန်းချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ထွဋ်မြတ် RHC ၊ လေးလံ SC နှင့် ပိုးစာကုန်းဘုန်းတော်ကြီးကျောင်းတို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။