ကျောက်ဆည်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောင်းအခြေပြု၊ ပြည်သူ့လူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ရေးထိုးနှံခြင်း အသက် ၉ နှစ်မှ ၁၁ နှစ် (၁၂ နှစ်မပြည့်သေးသူများအထိ) မိန်းကလေးငယ်များအားလုံး ကာကွယ်ဆေးထိုးနှံခြင်းအသိပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းမတော်မြို့နယ်၌ မဲစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းမှန်ကန်မှုရှိစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများအား ယမန်နေ့ နံနက် (၉) နာရီတွင် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရေး အိမ်တိုင်ရာရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ(၂)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမြို့နယ်၊ ကွင်းပေါက်ချောင်းစပ်မှရွှေမုယင်းငါးကန်များသို့ဆက်သွယ်သောလမ်း (၂/၀) မိုင် ဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ကွင်းပေါက်ချောင်းစပ်မှ ရွှေမုယင်းငါးကန်များသို့ ဆက်သွယ်သောလမ်း (၂/၀) မိုင် အကျယ် (၁၆)ပေ ဂဝံလမ်းခင်းခြင်း လုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးသည်။

ကူမဲမြို့ပေါ်ရပ်ကွက်များတွင် မဲစာရင်းမှန်ကန်စေရေးမဲစာရင်းများ တိုက်ဆိုင်စိစစ် 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများနှင့် ကူမဲမြို့ပေါ်ရှိရပ်ကွက်များတွင်မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံး‌ရှုံးစေရန် အတွက် မဲစာရင်းမှန်ကန်စေရေးတစ်အိမ်တက်ဆင်း(Door to Door)မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးစိစစ်ဆောင်ရွက်ခြင်းကို ဒီဇင်ဘာ၁ရက်တွင် ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ မဲရုံများနှင့် ပတ်ဝန်းကျင် မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းကစတင်ကာ (ဃ)ရပ်ကွက်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးနှင့် မဲရုံများ၏ ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်မဲပေးရေး အသိပညာပေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက်ရှိ ဧရာဝတီမြစ်ကမ်းနားလမ်းတစ်လျှောက်၌ ယနေ့နံနက်ပိုင်းက ဖြန့်ဝေသည်။

ကျွန်းစုမြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက်  ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြိုနယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်းပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၁ ရက်က လူစည်းကားရာ နေရာများ၌ အခမဲ့ ဖြန့်ဝေသည်။

မြစ်သားမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် စိုက်ပျိုး‌ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ ဧက ၂၂၈၀၀ လျာထားစိုက်ပျိုးလျက်ရှိပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန် လိုအပ်သောသွင်းအားစုများ ထည့်သွင်းခြင်းနှင့် ပိုးမွှားရောဂါမကျရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

လိပ်သိုမြို့ ၌ “အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂ ရက်နေ့ နံနက်  ၁၀ နာရီက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to