မိတ္ထီလာမြို့၌ အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် (Grade-12) သင်ကြားသင်ယူမှုထိရောက်ရေးအရည်အသွေးမြှင့်ဆွေးနွေးပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အ.ထ.က (၁) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ၂၁၈၂၂ ဧက လျာထားစိုက်ပျိုးပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရန်အတွက် ဆီထွက်သီးနှံအမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧက၂၁၈၂၂ လျာထားစိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဆန်၊ ကြက်ဥနှင့်စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယမန်နေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂,၈၆၀)ပိဿာ၊ ကြက်ဥ တစ်လုံး(၃၆၀)ကျပ်နှုန်းဖြင့် ကြက်ဥအလုံး(၅,၀၀၀)၊ ဆန်တစ်ပြည် ၃,၀၀၀ ကျပ်နှုန်းဖြင့် ဆန်(၅)အိတ် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပင်းတယမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာအားကစား (အကြီးတန်း)ဖိတ်ခေါ်ပြိုင်ပွဲ စတင်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘိလီယက်စနူကာ အားကစား(အကြီးတန်း) ဖိတ်ခေါ်ပြိုင်ပွဲကို ဈေးတန်းရပ်ကွက်အတွင်းရှိ “ချန်ပီယံ” ဘိလီယက်စနူကာခုံ၌ ယမန်နေ့နံနက်ပိုင်းက စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ထန်းပင်ချိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ဆဋ္ဌမစက်ဝန်း ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမစက်ဝန်း ထုတ်ချေးခြင်းကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက ထန်းပင်ချိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက  ထုံးတောင်ကျေးရွာ၊ ကွင်းအမှတ် (၇၁ A)၊ ဦးပိုင် အမှတ်(၁၀၄) တောင်သူ ဦးမင်းဇော်ဦး၏ ယာမြေတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။

မြို့သစ်မြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ ရာသီမရွေးသွားလာရေးအဆင်ပြေစေရန်အတွက် ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် လမ်း/တံတားလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)နှင့် မြို့နယ်သူနာပြုတပ်ဖွဲ့တို့ ဦးစီး၍ အ.ထ.က-တနင်္သာရီကျောင်း ပညာရတနာခန်းမအတွင်း ဒီဇင်ဘာလ ၂၂ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်က ကျင်းပပြုလုပ်သည်။

မိုးနဲမြို့နယ်၌ ရိတ်သိမ်း‌‌ခြွေလှေ့စက်ဖြင့် မိုးစပါးရိတ်သိမ်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူများ ဆန်ရိက္ခာဖူလုံပိုလျှံရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ် အတွင်း မိုးစပါး (၁၁၀၇၆) ဧက စိုက်ပျိုးထားရာ ယနေနံနက် ၈ နာရီအချိန်က မိုးနဲမြို့အဝင်ကြာဖူးကွင်း၊ ကွင်းအမှတ် (၆၁) ရှိ တောင်သူ ဦးစိုင်းထွန်းရွှေ၏လယ်မြေ‌ နေရာတွင် ရိတ်သိမ်းခြွေလှေ့စက်ဖြင့် မိုးစပါးများ ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
Subscribe to