ကွမ်းခြံကုန်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးတစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ၂၀၂၅-ခုနှစ် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိ‌စေရေးအတွက် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ နေ့က ကျေးရွာများတွင် ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး Door To Door မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ စစ်ဆေးဆောင်ရွက်လျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး Door To Door မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ နေ့ နံနက်ပိုင်းက လဟာကျေးရွာအုပ်စုနှင့် အောင်မင်္ဂလာရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ (၅၆၄၁၈) ဧကစိုက်ပျိုးရန်လျာထား

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ (၅၆၄၁၈) ဧကစိုက်ပျိုးရန် လျာထားလျက်ရှိသည်။

ဇမ္ဗူသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၊ သုခပညာခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယမန်နေ့နံနက်ပိုင်းက လယ်ဝေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လယ်ဝေးခရိုင်ဥပဒေရုံးတို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အကြိုအထိမ်းအမှတ် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရာက်၊ ဝန်ထမ်းအိမ်ရာအသစ် ဆောက်လုပ်နေမှုကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နေပြည်တော်ကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းအားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ပေါင်းလောင်းအားကစားကွင်း၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  မဲဆန္ဒရှင်ပြည်သူများ မဲပေးခွင့် အခွင့်အရေး မဆုံးရှုံးစေရန်နှင့် ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်  ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု ပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ပွင့်ဖြူမြို့ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၌  စတင်ဖြန့်ဝေပေးလျက်ရှိသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ကျား/မ အခြေပြု အကြမ်းဖက်မှုအသိပညာပေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် ကျား/ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေးသင်တန်းကို ယမန်နေ့မွန်းလွဲပိုင်းက တပ်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချာင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျင်းပဆောင်ရွက်ခဲ့သည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ပျိုးပွဲကျင်းပ​

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅- ၂၀၂၆ ခုနှစ် ဆောင်းသီးနှံနေကြာ သီးသန့်စံပြကွက်စိုက်ပျိုးပွဲကို ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အုန်းပင်ကွင်းကျေးရွာနှင့် သပြုကျေးရွာတို့၌ ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ၊ အဖွဲ့ဝင်များ ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ချင်းပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်နှင့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များတွေ့ဆုံပွဲကို ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ကျိုက်လတ်မြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းကျွမ်းကျင် (လုပ်ငန်းလမ်းညွှန်) သင်တန်းဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ/ အတွင်းရေးမှူးများ လုပ်ငန်းကျွမ်းကျင်(လုပ်ငန်းလမ်းညွှန်) သင်တန်းနှင့် မဲရုံများ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၈) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to