စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅-ခုနှစ်၊ လဟယ်မြို့ပေါ်ရှိ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့် စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးနေမှုများအား လိုက်လံကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်ဒေသ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်ဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍  ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လဟယ်မြို့၊ တာလံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများမဲစာရင်းပါရှိစေရေး၊ မကျန်ရှိစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းတိုက် ဆိုင်စစ်ဆေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့နံနက်ပိုင်းက လူစည်းကားရာ နေရာများ၌  ဖြန့်ဝေခဲ့သည်။

ရွှေသောင်ယံမြို့ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် မွေးစနှစ်လမှတစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး

ဧရာဝတီတိုင်းဒသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင်၊ ယနေ့နံနက်(၉)နာရီခွဲအချိန်က မွေးစနှစ်လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်‌နေ့ မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ငဖဲမြို့နယ်တွင် “ ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်အခွင့်အရေးမဆုံးရှုံးစေရေးနှင့် မဲပေးမည့်ပြည်သူများမကျန်ရှိစေရေးအတွက် မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၇နာရီက  လူစည်ကားသည့် ငဖဲမြို့မဈေးတွင် ဖြန့်ဝေပေးခဲ့သည်။   

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မဲစာရင်းပြည့်စုံမှန်ကန်စေရေး အိမ်တိုင်ရာရောက် တစ်အိမ်တက်ဆင်း (Door to Door) အဖွဲ့ဖြင့်  ယနေ့နံနက်ပိုင်းမှစတင်၍ စောရန်ပိုင်အရှေ့ရပ်ကွက်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ စောရန်ပိုင်မြောက်ရပ်ကွက်၊ သစ်တောရပ်ကွက်နှင့် ဧရာဝတီရပ်ကွက်များသို့ မြေပြင်ကွင်းဆင်း စစ်‌ဆေးဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များအား ဖြန့်ဝေ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး  လှုံ့ဆော်မှုလက်ကမ်းစာစောင်များအား ပင်းတယမြို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ စာသင်ကျောင်းများရှိပါက လေးမိဘအုပ်ထိန်းသူများကို ယမန်နေ့မှစတင်၍ ဖြန့်ဝေလျက်ရှိသည်။

ကွန်ဟိန်းမြို့၌ ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊  ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် ရည်ရွယ်၍  ဒို့အတူတူ မဲပေးကြမယ်လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၉) နာရီက လူစည်ကားရာ မြို့မစျေးရှေ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 
Subscribe to