ပိုင်ကျုံမြို့တိုက်နယ် ဆေးရုံ၌ အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ခြင်းများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန် တိုက်တွန်းနှိုးဆော်ပေးလျက်ရှိ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး ရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။