မိုးမိတ်မြို့၌ ပန်းခင်းစီမံချက်ဖြင့် အသက် (၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကိုဖွင့်လှစ်၍ ပညာသင်ကြားပို့ချပေးလျက်ရှိရာ နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသော ကျောင်းသား၊ကျောင်းသူများအား မိုးမိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်နိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီမှ စတင်၍ အခြေခံပညာအထက်တန်းကျောင်း (ညောင်ပင်စောက်) တွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြော

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ်တွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူမြို့နယ်၌ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့” အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

တာမွေမြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေနှုတ်မြောင်းများအတွင်း ခြင်နှင့်ယင်များ ပေါက်ဖွားမှုမရှိစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများက တာမွေမြို့နယ် ဗညားဒလလမ်းတစ်လျှောက်ရှိ ရေနှုတ်မြောင်းများအတွင်း ပိတ်ဆို့နေသော နုန်းများ၊ အမှိုက်များအား ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

စစ်ကိုင်းတက္ကသိုလ်တွင် အထူးပြုဘာသာရပ်ပေါင်းစုံပိုင်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်ပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၂၇)ရက်၊ နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားခန်းမအတွင်း ကျင်းပခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်အတွက် ခွင့်ပြုငွေ (၂၃.၉၅)ကျပ်သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း (၄)ခု ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနအနေဖြင့် မြို့နယ်ဖွံ့ဖြိုးသာယာလှပရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ သွားရေးလာရေး အဆင်ပြေစေရေးအတွက် နှစ်စဉ်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွက် ခွင့်ပြုငွေ (၂၃.၉၅)ကျပ်သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း (၄)ခု ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။

ညောင်ဦးမြို့နယ်တွင် ဧရာဝတီမြစ်ရေမှတ်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာရောက်ရန် ၂၀၂၂ စင်တီမီတာရောက်ရှိလာ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့မွန်းတည့် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၂၀၂၂ စင်တီမီတာသို့ တဖြည်းဖြည်းကျော်လာကြောင်း ညောင်ဦးမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံက သိရသည်။

မြောက်ဥက္ကလာပမြို့နယ်​၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုရှိစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၀၀) နာရီအချိန်က အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း သဇင်ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တကောင်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

၂၀၂၂ ခုနှစ် ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “အနာဂတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့” အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (CC)ခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ခင်းကျင်းပြသလျက်ရှိကြောင်းသိရသည်။
Subscribe to