ရသေ့တောင် ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် (အကြို) မြို့နယ် အဆင့် ဉာဏ်စမ်းပဋေဟိပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန် က ရသေ့တောင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရသေ့တောင်မြို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်အေးမောင် က (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့ လွတ်လပ်ရေး အောင်ပန်းကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ကြိုးပမ်းခဲ့မှုကြောင့် ရရှိလာသည့် လွပ်လပ်ရေး၏ အနှစ်သာရကိုသိရှိနားလည်တန်ဖိုးထားတတ်ပြီး ထူးချွန်ထက်မြက်သည့် လူငယ် လူရွယ်များပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းနှင့် အမှတ်ပေး စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် “လွတ်လပ်ရေးခိုင်မြဲဖို့ ညီညီညွတ်ညွတ် ကြိုးစားစို့ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်း အဆင့် “ကလေးလူငယ်များ ကျန်းမာကြံ့ခိုင်ရေး လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲများဆင်နွဲပေး” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျောင်းသား၊ ကျောင်းသူ (၂၁)ဦးတို့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ များအား ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
အောင်စံထွန်း