မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီ၏ (၁/၂ဝ၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီအချိန်က ပေါက်ချောင်းရပ်ကွက်ရှိ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။

နောင်တရားမြို့၌ Bookclub အဖွဲ့ဝင်များက သုတ၊ ရသ ဆွေးနွေးဖလှယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ Bookclub အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သုတ၊ ရသ အမြင်ခြင်းဖလှယ်သည့် စာဖတ်ဝိုင်းပြုလုပ်သည်။

ဟင်္သာတမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိ ပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတမြို့ အထက ၁ ကျောင်း ဟင်္သာခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့်၂၀၂၂ခုနှစ်၊ အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်"သတင်းစကား" လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက သံတွဲခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်သော စာစီစာကုံး ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများအား (အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဟော်နန်းပုံစံတူ တည်ဆောက်မည့် မြေနေရာအား မြေသန့်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ကျိုင်းတုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ နောင်တုံကန်အနီး၌ ကျင်းပသည်။

နတ်မောက်မြို့နယ်တွင် ပင်ထောင်မြေပဲများ စိုက်ပျိုးဖြစ်ထွန်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ တောင်သူများသည် ၂၀၂၂ ခုနှစ်မိုးစိုက်သီနှံအဖြစ် ပင်ထောင်မြေပဲများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပင်ထောင်မြေပဲခင်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား၊ကျောင်းသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မဘိမ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကွတ်ခိုင်မြို့နယ် ဒေသခံတောင်သူများ တိရစ္ဆာန်အစာဖူလုံစေရန်အတွက် မိုးရာသီတိရစ္ဆာန်အစာပင် (နေပီယာမြက်)လက်တွေ့စိုက်ပျိုးနည်းသရုပ်ပြပွဲပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် တောင်သူဦးကျိန်တဲ့ဖူးတို့ပူးပေါင်းစီစဉ်ကျင်းပသည့် ၂၀၂၂ခုနှစ်၊

မအီမြို့တွင် ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပ        

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် အပူချိန်မြင့်မားလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုအား ကြိုတင်ကာကွယ်နိုင်စေရေး၊ အရင်းအမြစ်အားထိန်းသိမ်းနိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာလာစေရေးတို့ကို ရည်ရွယ်၍ ဒုတိယအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက မအီမြို့၊ စိုက်ပျိုးရေးဦးစီးဌာနရုံးအနီး အမှတ်(၄)ရပ်ကွက်ရှိ တောင်သူဦးခင်သန်းပိုင် စိုက်ခင်းတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဘိမ်းမြို့နယ်တွင် စေတနာ့ဝန်ထမ်း(Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to