အောင်လံမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ကျောင်းသား/သူများ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား (ဒုတိအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈း၃၀)နာရီမှ စတင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြာနီကန် ရပ်ကွက်သာသနာ့ဗိမာန်နှင့် ဆေးထိုးစုရပ် အသီးသီးတွင် စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ကိုဗစ် - ၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(omicron ) ရောဂါ ကြိုတင် ကာကွယ်ရေး မြန်မာ၊ ပိုးကရင် နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီ ခရွန်ရောဂါ  ကြိုတင်ကာကွယ်ရေးကို  ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရန်အတွက် မြန်မာ၊ ပိုးကရင် နှစ်ဘာ သာတို့ဖြင့် ယနေ့ နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ် ချောင်းကောက်ကျေးရွာ၌ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ချောင်းကောက်ကျေးရွာတွင် ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ချောင်းကောက် ကျေးရွာရှိ ဒက္ခိဏာရုံဘုန်းတော်ကြီးကျောင်း၌ ဒေသခံ ကျေးရွာသူ၊ ကျောင်းသားများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်တားဆီးနိုင်စေရေးအတွက် (Mask) မတပ်ဆင် သူများအား စစ်ဆေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်း သွားသော်လည်း ရောဂါကွင်းဆက်ပြတ်တောက်စေရေးနှင့် မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီး နိုင်စေရေးအတွက် ဆက်လက်အထူးကြပ်မတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်က စတင်ကာ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် စောင့်ကြည့်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်များက နှာခေါင်းစည်း (Mask) မတပ်ဆင် သူများအား စစ်ဆေး၍ အသိပညာပေးပြီး အခုဝယ် အခုတပ်ဆင်စေခြင်း စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို အားကစားပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ကျောင်းဝင်းအတွင်းရှိ အားကစားကွင်းနေရာ၌ ကျင်းပပြုလုပ်လျက်ရှိရာ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူ (၉၁၁၉)ဦးရှိ​ပြီး ကျန်ရှိနေသေးသည့် မိဘပြည်သူများအား သတ္တမအသုတ်(ပထမ)အကြိမ်အဖြစ် စတင်ထိုးနှံဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ် ဗဟိုစာကြည့်တိုက်သို့ စာအုပ်များလှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ် ဗဟိုစာကြည့်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များတွင် အသုံးပြုနိုင်စေ‌ရေးအတွက် ရည်ရွယ်၍ စာအုပ်များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to