ရှမ်းရွာသစ်မြို့တွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသော သံပုရာသီးပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေ ရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနေအိမ်ခြံဝင်းအတွင်း၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားပြီး မိုးဦးကျကာလ၌ လှိုင်လှိုင်ထွက်ရှိသော သံပုရာသီးများရောင်းချ၍ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့)သင်တန်း  သင်တန်းဆင်းပွဲပြုလုပ်

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ (အခမဲ့)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ကျောက်ဖြူမူလတန်းကြိုကျောင်းရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန် ပြုလုပ်ခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊စာအုပ်စာစောင်များကိုဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်းတွင် စာအုပ်စာစောင်များကိုအခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ်တွင် ဓာတ်အားပျောက်ဆုံးမှုမရှိစေရေးနှင့် ဓာတ်အားလိုင်းများ သန့်ရှင်းရေးဆောင်ရွက်

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ဓာတ်အားပျောက်ဆုံးလျော့နည်းမှုများမရှိစေရေး ပြည်သူများ ဓာတ်အားပြည့်ဝစွာဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှုများ မရှိစေရေးတို့အတွက် ယနေ့နံနက်(၉)နာရီက ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့်နေရာများတွင် လိုင်းသန့်ရှင်းရေးတို့ကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ကြကြောင်း သိရသည်။

ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီနေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ် စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ နေကြာမျိုးစေ့ထုတ် ထွန်တုံးပိတ်စိုက်ပျိုးပွဲ အခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကြံခင်းမြို့နယ် ဆုံလဲကျေးရွာအုပ်စု ဆိပ်သာကျေးရွာ သပြေလှကွင်း၊ ကွင်းအမှတ်(၂၃) ၊ တောင်သူ ဦးစောမင်းထူး၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။

လဲချားမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင်၂၀၂၂ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈)နာရီအချိန်က နောင်ခမ်းကန်တွင် စိုက်ပျိုးခဲ့ပါသည်။

ဖားကန့်မြို့နယ်တွင် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် (၃၅)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည့် ယမန်နေ့မွန်လွဲ(၂)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများစည်ကားလျက်ရှိသည့် အေးမြကြည်လင်ဈေး၊ မြို့မဈေး၊ မြို့ပတ် လမ်းနှင့်တံစိုးဂိတ် လမ်းဆုံနေရာများတွင် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီ အချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း   အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ညောင်တုန်းမြို့နယ်အတွင်းရှိ ရေထိန်းတံခါးများအား ကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် ဇွန်လ ၂၅ ရက် နံနက် ၈ နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ရေထိန်းတံခါးများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to