ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေး

နမ့်ဆန်   ဒီဇင်ဘာလ   ၂၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက် သော (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့(အကြို) Talk Show အစီအစဉ်ကို ယမန်နေ့မွန်းလွဲ(၁:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းခ၌ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 အဆိုပါ(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့(အကြို) Talk Show အစီအစဉ်တွင် Book Club အဖွဲ့ဝင် ဒေါ်တင်ဌေးမှ ပထမ/ ဒုတိယ/ တတိယ မြန်မာနိုင်ငံတော်ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့အင်္ဂလိပ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ မြေပေါ် မြေအောက်သဘာဝအရင်းအမြစ် သယံဇာတများကို မတရားရယူလိုစိတ်ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့ပုံ၊ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များနှင့် လူတန်းစား အလွှာပေါင်းစုံတို့မှ သူ့ကျွန်မခံလိုသောစိတ်ဖြင့် ရွံ့ရွံ့ချွံချွံနယ်ချဲ့အင်္ဂလိပ်အား တွန်းလှန်တိုက်ခိုက်ခဲ့ပုံ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်းဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အသက်သွေးချွေးများကို စတေးကာ လွတ်လပ်ရေး ရယူပေးခဲ့ ပုံများအကြောင်းကို မြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား/သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး လွတ်လပ်ရေးကို အစဉ်အမြဲ တန်ဖိုးထားတတ်စေရန်အတွက် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်−၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ အသိဉာဏ်ပညာဗဟုသုတတိုးပွားစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် အသိပညာပေး Talk Show များကို ထုတ်လွှင့်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နမ့်ဆန်ဒေသ