ရခိုင်ပြည်နယ် မောင်တောမြို့၌  မိုးရာသီ  စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မောင်တောခရိုင် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်က ယနေ့ နံနက် ၈ နာရီ အချိန်  အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉နာရီခွဲအချိန်၌ ကျား/မရေးရာအခြေပြု အကြမ်းဖက်မှုဆိုင်ရာအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါကျောင်း စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ငပုတောမြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲကျင်းပ

ဒေသခံပြည်သူများ သစ်ပင်သစ်တော၏ တန်ဖိုးကို အလေးထားနားလည်တတ်စေရန် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် သစ်တောဦးစီးဌာနတို့မှ လမ်းညွှန်ချက်အရ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုကိုခံယူ၍ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးကို ယနေ့နံနက် ၉ နာရီအချိန်က ငပုတောမြို့နယ် အားကစားဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်၊ ငါးဘတ်‌ချောင်းကျေးရွာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ခုနှစ် မိုးစပါးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတတ်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ ထွန်ယက်ကြဲပက် ထည့်သွင်းစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ ငါးဘတ်ချောင်းကျေးရွာ ကွင်းအမှတ်(၈၁၁)၊ ဦးပိုင်အမှတ် (၉/၁)၊ ဧရိယာ(၅)ဧက၊ တောင်သူဦးဌေးလွင် လယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ထွန်ယက် ထည့်သွင်းကြဲပတ် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပပြုလုပ်ကြသည်။

စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်ပန်းအလှထိုးနည်း သင်တန်းဖွင့်လှစ်    

မန္တလေးတိုင်း​ ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  Woman Club အသင်းတို့ပူးပေါင်း၍ ပန်းအလှထိုးနည်းသင်တန်းကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ဖွင့်လှစ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဟင်္သာတခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇလွန်မြို့နယ်၊ မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ လယ်မြေ (၁၂)ဧကတွင် ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် တွေ့ဆုံ၍ “သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများ ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)တွင် နိုက်ထရိုဂျင်၊ ဖော့စဖိတ်၊ ပိုတက်စီယမ်များ ပါဝင်ပြီးဖြစ်၍ လယ်မြေအတွင်း ထည့်သွင်းအသုံးပြုခြင်းဖြင့် ဓာတ်မြေသြဇာ သုံးစွဲမှုများကို လျော့ချနိုင်မည်ဖြစ်ကြောင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရန်လိုကြောင်း” တိုက်တွန်း ပြောကြားခဲ့သည်။

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် တိရစ္ဆာန်မွေးမြူရေးအကြာင်း အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် တိရစ္ဆာန်မွေးမြူရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအတွင်း မွေးမြူရေးလုပ်ကိုင်သူတောင်သူများအတွက် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုး

ဝိုင်းမော်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးလုပ်ကိုင်သူ တောင်သူများနှင့် ပူးပေါင်း၍ ကျွဲ၊ နွားများအတွက် တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲကို ဇွန် ၂၅ ရက် နံနက် (၉)နာရီက ဝိုင်းမော်မြို့နယ်၊ မဒိန်ကျေးရွာအတွင်းရှိ တောင်သူဦးအက်စ်‌ခေါတိန့်၏ ယာမြေ (၁)ဧက ပေါ်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

မိုင်းငေါ့မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် တိုက်နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်များပူး‌ပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လုပ်ငန်းများအား ယမန်နေ့နံနက်(၈) နာရီမှ စတင်၍ အဖွဲ့များခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to