မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ဗိုင်းရပ်(စ်) ကြိုတင်ကာကွယ်ရေးနှင့် အိမ်အပြင်ထွက်သူတိုင်း နှားခေါင်းစည်း Mask တပ်ဆင်သွားလာရေး အသိပညာပေးဆောင်ရွက်ခြင်းကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက မင်းဘူးမြို့ တောင်လှည်းကောက်လမ်းဆုံ၊ မြောက်လှည်းကောက်အဝိုင်းပတ်နှင့် ကန်ရေ စစ်ဆေးရေးဂိတ်တို့တွင် သုံးနေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း‌ဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၁)သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်

မကွေးတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး (၁/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က တိုင်း‌ဒေသကြီးလူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းအိုမီခရွန်နဲ့အခြားရောဂါပိုးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များအား ပြည်သူများသို့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်းအို မီခရွန်နဲ့ အခြားရောဂါပိုးများအကြောင်း သိကောင်းစရာ ပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်း ကို ယနေ့ နံနက် ၈ နာရီခွဲအချိန်မှစတင်ပြီး ညောင်ဦးမြို့နယ်အတွင်း နေရာလေးနေရာခွဲ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကံမမြို့၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊  ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ်(၄) ရပ်ကွက်စံပြရပ်၌ ဆောင်ရွက်ခဲ့ကြသည်။

ရေကြည်မြို့အတွင်း မိတ္ထီလာတံတားသစ်ဖွင့်ပွဲအခမ်းအနားအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ ဧရာဝတီ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုတို့ဖြင့် (၂၀၂၀-၂၀၂၁)ခု ဘဏ္ဍရေးနှစ် ရေကြည်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ထားသော ရေကြည်မြို့အတွင်း မိတ္ထီလာတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က အောင်ဆန်းမြို့ပတ်လမ်းရှိ အဆိုပါတံတားမုခ်ဦးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးစိတ်သစ်အိုမီခရွန်သတိပြုကာကွယ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည်အသိပေးနှိုးဆော်

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့ တွေ့ရှိမှုနှုန်း မရှိစေရန်နှင့် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်ပိုး သတိပြုကာကွယ်ရေးနှင့်ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား ပြည်သူများ လိုက်နာရန်နှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး အကြိမ်ပြည့် ထိုးနှံရေးစဉ်ဆက်မပြတ် အသိပညာပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီက ရှမ်းဝိုင်းရပ်ကွက်ကြီးအတွင်း လှည့်လည်အသိပေး နှိုးဆော်ကြောင်း သိရသည်။

ကော့မှူး၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ပဉ္စမအသုတ် မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအားပဉ္စမ အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉နာရီမှ ညနေ ၄ နာ ရီ အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 

ဝက်လက်မြို့၌ ဥကပ်ပါးနဂျီလွှတ်ရခြင်း၏ အကျိုးကျေးဇူအသိပညာပေး Talk Show ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community center ခန်းမတွင် ယမန်နေ့ က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူပေါင်းကာ ဥကပ်ပါး နဂျီလွှတ်ရခြင်း၏ အကျိုးကျေးဇူး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်သည်။
Subscribe to