ပိုင်ကျုံမြို့တိုက်နယ်‌ ဆေးရုံ၌ အိုမီခရွန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး ခြင်းများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန်  တိုက်တွန်းနှိုးဆော်ပေးလျက်ရှိ

ပိုင်ကျုံ   ဒီဇင်ဘာ  ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို လျော့နည်း စေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ပြည်သူသို့ အသိပေး ပြန်ကြားချက်များအား ယနေ့နံနက်ပိုင်းက  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် စုရပ်ဖြစ်သည့် ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ အသိပေး နှိုးဆော်ခဲ့ကြောင်းသိရသည်။    

အသိပညာပေး နှိုးဆော်ချက်များ ကြေညာရာတွင် မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ပါ။  သို့မှ သာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ် သည်။ ပြင်ပမှလာသောဧည့်သည်များ  လက်မခံကြပါရန်နှင့်  မိမိတို့ကလည်း   အခြားသူများထံ  သွားရောက်ခြင်း မပြုကြရန်၊ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် ခပ်ခွာခွာနေပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း မတပ်ထား သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊   လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြပါ၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်နှာခေါင်းနှင့် မျက်စိတို့ကိုပွတ်သတ်ခြင်း၊  ကိုင်တွယ်ခြင်းနှင့်  ထိတွေ့ခြင်း မပြုလုပ်ကြပါ ရန်၊လေဝင်လေထွက် မကောင်းသောအခန်းများ သွားလာခြင်းမှရှောင်ပါ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊သွေးတိုးနှင့် နှလုံးရောဂါအခံရှိသူများ ရောဂါကူးစက်ခံရပါကဝေဒနာ ပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍  မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ အလှည့်ရရှိသော ကာကွယ်ဆေးများကို  မိမိတို့အတွက်အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပါ၊ ကာကွယ်ဆေးထိုးပြီးသော်လည်း  ရောဂါကာကွယ် ရေး နည်းလမ်းများကို    ဆက်လက်လိုက်နာပါ၊     ရောဂါကာကွယ်ရေးနည်းလမ်းများကို   မိဘပြည်သူများ အားလုံးက   ကိုယ်စီလိုက်နာကြပြီး   ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များ ပါဝင်သည်။

ထိုသို့လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှိုးဆော်ချက်များအား အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)