လင်းခေး ဒီဇင်ဘာ ၂၉
လင်းခေးတွင် လယ်ယာမြေစွန့်ပစ်ပစ္စည်းများ အသုံးပြု၍ EM ဘိုကာရှီမြေဆွေး ပုံပြုလုပ် နည်းလက်တွေ့သရုပ်ပြခြင်းကို ယနေ့ နံနက် ၈ နာရီက လင်းခေးမြို့၊ တပ်နယ်စိုက်ကွင်း နေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြေဆွေးပုံ လက်တွေ့သရုပ်ပြသခြင်းမပြုမီ လင်းခေးမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနမှူး ဦးလှငြိမ်းခိုင်က ၎င်းပြုလုပ်ပုံ နည်းအဆင့်ဆင့်အား ရှင်းလင်းပြောကြားပေးခဲ့ပြီး နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တပ်နယ်မိသားစုများအား EM ဘိုကာရှီ ပြုလုပ်နည်း လက်တွေ့ပြုလုပ်ပြသခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် EM ဖျော်ရည်အပွား ပြုလုပ်ရာ၌ EM ၁ ဆ၊ တင်လဲရည် (၄)ဆ၊ ရေ(၉၅)ဆ(၁:၄:၉၅)အသုံးပြုရပြီး ဖျော်ရည်အပွားမှ အပြင်းပြုလုပ်ပါက EM ၁ဆ၊ တင်လဲရည် ၄ ဆ၊ ရေ ၉၈ ဆ (၁:၄:၉၈) အသုံးပြုရကြောင်း၊ မြေဆွေးပုံပြုလုပ် ထားပြီးလျှင် ရက်သတ္တနှစ်ပတ်ကြာ ထားရှိရကြောင်း၊ ရာသီ ဥတု အပူအအေးအပေါ် မူတည်၍ အဆွေး အနှေးအမြန်ဖြစ်လာတတ်ကြောင်း ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဌာနမှူး ဦးလှငြိမ်းခိုင်က ရှင်းပြခဲ့သည်။
ဆက်လက်ပြီး မြေဆွေးပုံ(၁၀)ပုံလျှင် စိုက်ပျိုးမြေ(၁)ဧက အသုံးပြုနိုင်သည်။ စိုက်ပျိုးရေး လုပ်ကိုင်သူများအနေဖြင့် မြေထွန်ယက်မှု (နောက်ဆုံးထယ်ထွန်မွှေသည့်အချိန်) တွင် အီးအမ်ဘိုကာရှီကို ဂျမ်းဖုံးထည့်ပေးနိုင်ပါကြောင်းနှင့် အဆိုပါ တစ်ပုလင်းလျှင် ကျပ် ၃၀၀ဝိ/-နှုန်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနရုံးစိုက်ရာ မည်သည့်နေရာမဆို စိုက်ပျိုးရေး လုပ်ကိုင် သူများ ဝယ်ယူအသုံးပြုနိုင်ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြပွဲသို့ စစ်ဗျူဟာအဖွဲ့၊ (အခြေချ)(လင်းခေး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ထင်စိုး၊ တပ်နယ်အတွင်းရှိ တပ်ရင်းအသီးသီးမှ မိသားစုဝင်များ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းနှင့် ယနေ့၌ စတုတ္ထအ ကြိမ်မြောက် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ ကြခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ သိရသည်။
စိုင်ဇော်လတ်(လင်းခေး)