မြစ်ကြီးနားမြို့၌ (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

မြစ်ကြီးနား     ဒီဇင်ဘာ  ၂၉

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို မြို့နယ်အဆင့် စာစီစာကုံး ပြိုင်ပွဲအားမြစ်ကြီးနားမြို့  အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ခတ္တာဆောင်၌ ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့ ကြောင်းသိရသည်။

(၇၄) နှစ်မြောက် ကချင်ပြည်နယ်နေ့အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းပေါင်း (၃၂) ကျောင်းမှ ပြိုင်ပွဲဝင် ကျောင်းသား/သူ (၈၂)ဦး ဖြေဆိုခဲ့ကြ ကြောင်းနှင့် အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား/သူများက ဂုဏ်ပြုလျက်သာ ကချင်ပြည်နယ်နေ့မှာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများက စည်းလုံးညီညာ ကချင်ပြည်နယ် နေ့မှာခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူများက ကချင်ပြည်နယ်နေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ဖြေဆိုခဲ့ကြောင်းသိရသည်။

ယော်ဆောင်(ပြန်/ဆက်)